
ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြောင်းရွေ့နေရာချထားရေး ကြိုတင်ပြင်ဆင်
The Pillar Media(ထောက်တိုင် မီဒီယာ)
ကျိုက်မရော ဇူလိူင် ၃၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေလျှံတက်မှုကြောင့် မြစ်ကမ်းနား အနီးနေအိမ်များ၊ အနိမ်ပိုင်းရပ်ကွက်များရှိ အိမ်များ၊ ကျောင်းများအတွင်း မြစ်ရေများ ဇူလိုင် ၂၉ ရက်က စတင် ဝင်ရောက်လျက်ရှိရာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အဆိုပါ ရပ်ကွက်နေပြည်သူများ ပြောင်းရွေ့နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဇူလိူင် ၃၀ ရက်က အောင်သုခရပ်ကွက်ရှိ Cyclone Shulter အတွင်း ကြိုတင်ပြင်ဆင်မှုများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာယီရေဘေးရှောင်စခန်းဖြစ်သည့်.ဆိုင်ကလုန်း ရှယ်တာအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ မီးသတ် ပိုက်များဖြင့် ရေဆေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း ခုတ်ထွင်ခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။
#thepillarmedia
Comments
Post a Comment