မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်

    The Pillar Media(ထောက်တိုင် မီဒီယာ)

နေပြည်တော်  ဩဂုတ် ၃၁


        မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းရှိ အဆိုပါပလာဇာ မျက်နှာစာ၌ ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်၊ မြန်မာ့စီးပွားရေးဦး ပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ၊ ဌာနကြီးမှူးများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


        ရှေးဦးစွာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာအား မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်၊ အထွေထွေ အုပ်ချုပ်ရေးရာဌာနကြီးမှူး ဦးမောင်မောင်စိုး၊ ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီးမှူး ဦးအောင်ရဲဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်မျိုးဝင်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

        ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဆိုင်းဘုတ်အား စက်ခ လုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသည့် တာဝန်ရှိသူ များနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရုံးချုပ်နှင့် ဇလပ်ဝါပလာဇာ အဆောက်အအုံ ကမ္ဗည်း မော်ကွန်းအား အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

 အဆိုပါ ဇလပ်ဝါပလာဇာသည် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်း နှင့်ဇလပ်ဝါလမ်းထောင့်တွင်တည်ရှိပြီး စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေး ပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာ နှင့်ရိုးရာအစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများကိုတစ်နေရာတည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင်သည့်အပြင် ခေတ်မီကလေး ကစားကွင်းများပါဝင်ကာ အခမ်းအနားများပြုလုပ်နိုင်သည့် ခန်းမလည်းပါဝင်ကြောင်း သိရသည်။ အဆိုပါပလာဇာအား နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။


#thepillarmedia

Comments