ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့်လျှပ်စစ်ပစ္စည်းများကို သယ်ယူတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေ

The Pillar Media(ထောက်တိုင် မီဒီယာ)

နေပြည်တော် ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသို့ ဆန်နှင့်လျှပ်စစ်ပစ္စည်းများ သယ်ယူတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာတွင် ဝါဒဖြန့်ဝေ ရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒေသခံပြည်သူများအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း များကို သယ်ယူတင်ပို့ခွင့်များအား စနစ်တကျစစ်ဆေးကြပ်မတ်၍ သယ်ယူခွင့် ခွင့်ပြုထား ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်  အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက် မီဒီယာများက ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။


#thepillarmedia

Comments