မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၅,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
The Pillar Media(ထောက်တိုင် မီဒီယာ)
နေပြည်တော်၊ ဩဂုတ် ၃၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ စိုးတင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့သည်။
၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီ အား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကံထူးတင်သိန်း အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ TOYOTA FIELDER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ် အား တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့်နှင့်လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စိတ်ပြောင်းဆေးဝါး များအား လူမဲ့တန်ဆာဖြင့် ပို့ဆောင်ပေးသူ မဝါဝါလွင်(ခ)စန္ဒာ အား ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၅၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂ ဒသမ ၄၅ ကီလို၊ အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#thepillarmedia
Comments
Post a Comment