ယူကရိန်းက ပထမဆုံးပြည်တွင်းဖြစ် အမြင့်ပျံဒုံးကျည်ကို ထုတ်လုပ်စမ်းသပ်
The Pillar Media(ထောက်တိုင် မီဒီယာ)
နိုင်ငံတကာ၊ ဩဂုတ် ၃၀
ယူကရိန်းနိုင်ငံအတွက် ပထမဆုံးသော ပြည်တွင်းဖြစ်အမြင့်ပျံဒုံးကျည်ကို ထုတ်လုပ်ပြီး အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ယူကရိန်းသမ္မတဗိုလိုဒိုမာ ဇီလန်စကီက ဩဂုတ်လ ၂၈ ရက်တွင် ပြောသည်။
ဇီလန်စကီက အဆိုပါအမြင့်ပျံဒုံးကျည် စနစ်၏အမည်ကို ထုတ်ဖော်ပြောထားခြင်း မရှိသော်လည်း ပြည်တွင်းဖြစ် အမြင့်ပျံဒုံးကျည်များကို အသုံးပြုနိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေမည့်အပြင် ရန်ဘက်နိုင်ငံ များအတွက် အဟန့်အတားတစ်ခု ဖြစ်စေနိုင်မည်ဟု ပြောထားသည်။
ထို့ပြင် အဆိုပါအမြင့်ပျံဒုံးကျည်သည် မြေပြင်အခြေစိုက်စနစ်ဖြစ်ပြီး ကီလိုမီတာ ၇၀၀ အကွာအဝေးအထိ ရောက်နိုင်သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောထားသည်။
ယင်းဒုံးကျည်စနစ်နှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်ချက်အနေဖြင့် ထားရှိထားသော်လည်း Hrim-2 တာတိုပစ်အမြင့်ပျံ ဒုံးကျည်စနစ်အပေါ် အခြေ ခံထားနိုင်ဖွယ်ရှိသည်။ လက်ရှိတွင် Hrim-2 စနစ်ကို အဆင့်မြှင့်တင်မှုများ လုပ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။
Ref: IE
K.H
#thepillarmedia

Comments
Post a Comment