တိုယိုတာ၏ ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှု ခြောက်လဆက်တိုက်ကျဆင်း

The Pillar Media(ထောက်တိုင် မီဒီယာ)
နို်ငငံတကာ၊ ဩဂုတ် ၃၁ 


တိုယိုတာကုမ္ပဏီ၏ ကမ္ဘာ့မော်တော် ကားထုတ်လုပ်မှုပမာဏသည် ဇူလိုင်လအထိ ခြောက်လဆက်တိုက် ကျဆင်းလာကြောင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဝယ်မလိုက်တော့ခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

ထုတ်လုပ်မှုပမာဏများအနက် တရုတ် နိုင်ငံတွင်ထုတ်လုပ်မှုက ၆ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင်ထုတ်လုပ်မှုက ၁၃ ရာခိုင် နှုန်းအထိကျဆင်းလာကာ တစ်ကမ္ဘာလုံး ရောင်းအားမှာလည်း ၁ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံအတွင်းရောင်းအားမှာ ၅ ရာခိုင်နှုန်းကျဆင်းပြီး အဓိကအားဖြင့် လျှော့ဈေးပေးရောင်းချမှုရက်က ယမန်နှစ် ကထက်နည်းပါးခြင်းကြောင့် ဖြစ်သည်။

အလားတူ တရုတ်နိုင်ငံအတွင်းရောင်း အားမှာလည်းကျဆင်းလာသည်ကို တွေ့ရပြီး ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ဝယ်ယူသူများက သမားရိုးကျလောင် စာဆီသုံးမော်တော်ကားများထက် တရုတ် ပြည်တွင်းဖြစ် လျှပ်စစ်ကားများ၊ စွမ်းအင် နှစ်မျိုးစပ်ကားများကိုသာ ပိုမိုစိတ်ဝင်စားလာသောကြောင့် ဖြစ်သည်။

Ref: IE

K.H


#thepillarmedia

Comments