လစ်ဗျား၌ရေနံထုတ်လုပ်မှု တစ်ရက်လျှင်စည် ခုနစ်သိန်းခန့်လျော့ကျ

 

The Pillar Media(ထောက်တိုင် မီဒီယာ)
နိုင်ငံတကာ၊ ဩဂုတ် ၃၁ 


လစ်ဗျားနိုင်ငံအတွင်း လက်ရှိဖြစ်ပွား နေသော နိုင်ငံရေးပွတ်တိုက်မှုများကြောင့် ဩဂုတ်လ ၂၉ ရက်တွင် နိုင်ငံ၏ ရေနံထုတ်လုပ်မှုပမာဏက စည်ခုနစ်သိန်းခန့်လျော့ကျလာသည်ဟု တာဝန်ရှိသူများကပြောသည်။

အဓိကအားဖြင့် နိုင်ငံရေးအဖွဲ့အစည်းများက ဗဟိုဘဏ်အပေါ်ချုပ်ကိုင်မှုရရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်ပြီး ရေနံထုတ်လုပ်မှုအပေါ် ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

လစ်ဗျားနိုင်ငံ၌ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းဟူ၍ အုပ်ချုပ်ရေးအဖွဲ့က နှစ်ဖွဲ့ကွဲနေစဉ် အမျိုးသားရေနံကော် ပိုရေးရှင်း၏လက်ခွဲတစ်ခုဖြစ်သော ဝါဟာရေနံကုမ္ပဏီ၏ ရေနံထုတ်လုပ်မှုက စည် ၁၃၀၀၀၀ ကျော်ကျဆင်းသွားသည်။

ထို့ပြင် အခြားသောရေနံကွင်းများတွင် လည်းထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ လျော့ကျ ခြင်းတို့ဖြစ်ပေါ်သောကြောင့် စုစုပေါင်းကျ ဆင်းသည့် ထုတ်လုပ်မှုပမာဏက စည်ခုနစ်သိန်းခန့်ရှိခြင်း ဖြစ်သည်။

Ref: IE

K.H


#thepillarmedia

Comments