ဧရာဝတီဖြစ်ကြောင်းတစ်လျှောက်ကို တပ်မတော်က စစ်ကြောင်းများဖြင့် နယ်မြေရှင်းရေး လုပ်ဆောင်

 




စက်တင်ဘာ ၃၀၊ ၂၀၂၄
The Pillar Media

 

အားလုံးပဲ မဂ်လာပါ ထောက်တိုင် မီဒီယာက ကြိုဆိုပါတယ် ဒီတစ်ခေါက်တော့ တပ်တော်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်တဲ့သတင်းကို ဝေမျှပေးချင်ပါတယ်

တပ်မတော်စစ်ကြောင်းများက မကွေးတိုင်း၊ မန်းတလေးတိုင်းနဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စက်တင်ဘာ ၂၀ ရက်က စတင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်

ဧရာဝတီမြစ်ကြောင်းအတွင်း ခရီးသွားပြည်သူလူထုမှ ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်နေသည့် သင်္ဘောများကို  PDF များက ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန်နှင့် ၎င်းတို့အတွက် ငွေကြေးမလုံလောက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ဆက်ကြေးတောင်းခြင်း၊ ဆက်ကြေးမပေးနိုင်သည့် သင်္ဘောများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေတာကြောင့် နယ်မြေရှင်းလင်းတာဖြစ်တယ်လို့ သိရပါတယ်

ယင်းသို့ရှင်းလင်းရာတွင် pdf များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး pdf များမှာ ထိခိုက်သေဆုံးမှုများစွာဖြင့် စက်လှေများဖြင့်ရော ကုန်းကြောင်းကပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်

Pdf များက ဆပ်ကြေးများ ကောက်ခံခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြည်သူများနှင့် ကုန်တင် သဘောများကို အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်နေမှုကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပေးရန် ဒေသခံပြည်သူများက မတ္တရာမြို့နယ်အတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် PDF များ ခိုအောင်းနေထိုင်ကြောင်းနှင့် ၎င်းတို့ လှုပ်ရှားသွားလာနေမှုများအား တပ်မတော် စစ်ကြောင်းများသို့ လျှို့ဝှက်ဆက်သွယ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် pdf များ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းရာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ pdf များ နေထိုင်အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိရပြီး လူနေအိမ်များကို အကာအကွယ်ရယူ၍ တည်ဆောက်ထားသော သဲအိတ်ဘန်ကာများ၊ ဆက်သွယ်ရေး မြောင်းများ၊ ပစ်ကျင်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းတန်းလေးကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဘုရားမကုန်းကျေးရွာ၊ ဆူးလေ ကုန်းကျေးရွာ၊ ရွှေဘောင်ကျေးရွာ၊ သဖန်းဒေါင့်ကျေးရွာ၊ ငယ်တိုးကျေးရွာနှင့် သနပ်ကုန်းကျေးရွာများတွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ခဲ့ရာ PDF များ ထောင်ထားသည့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်

ဒါ့အပြင် ၎င်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်ခြံစည်းရိုးများ၌ အုတ်များ၊ သံပေပါများဖြင့် ပြုလုပ်ထား သည့် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများနှင့် ပစ်ကျင်းများကို သိမ်းဆည်းရ မိခဲ့တယ်လို့ သိရပါတယ်

PDF များက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများကို အကာအကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသော စစ်ရေးနှင့် မသက်ဆိုင်သည့် ခရီးသွားသင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေး သင်္ဘောများ ကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်

အားလုံးကို ကျေးဇူးတင်ပါတယ်


#thepillarmedia 

 

Comments