Skip to main content

 

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက်ပေးပို့




The Pillar Media(ထောက်တိုင် မီဒီယာ)
နေပြည်တော် စက်တင်ဘာ ၄


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် (၂၄)ပြည်အိတ် (၇၅၉၁)အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်သုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါ အဝင် စုစုပေါင်း (၈၆၉ ဒသမ ၃၂)တန်ကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ်(၄၉)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၇၁,၀၉၉ ဒသမ ၄၃)တန်နှင့် ဒီဇယ်(၂၄၉,၇၆၂)ဂါလန်၊ Octane 92 (၁၉၉,၈၈၆) ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#thepillarmedia

Comments