ကွန်းကော့ထက် နှစ်ဆပိုမြန်မယ့် ခရီးသည်တင် လေယာဉ်ပုံစံကို တရုတ်စမ်းသပ်
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နိုဝင်ဘာ ၁၊ ၂၀၂၄
ပေကျင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက သူတို့အနေနဲ့ ကမ္ဘာ့ပထမဆုံးသော အသံထက်မြန်ခရီးသည်တင်လေယာဉ်ဖြစ်တဲ့ ကွန်းကော့လေယာဉ်ထက် နှစ်ဆပိုမြန်တဲ့ ခရီးသည်တင်လေယာဉ် ရှေ့ပြေးပုံစံတစ်မျိုးကို စမ်းသပ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။
Space Transportation ဆိုတဲ့ကုမ္ပဏီ က Yunxing အမည်ရှိ ခရီးသည်တင် လေယာဉ်ရဲ့ရှေ့ပြေးပုံစံ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်တာပါ။ သူတို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရဆို ရင် အဲဒီလေယာဉ်က အသံထက်လေးဆ မြန်တဲ့နှုန်း သို့မဟုတ် တစ်နာရီ ၃၀၆၉ မိုင်နှုန်းနဲ့ပျံသန်းနိုင်စွမ်း ရှိတယ်လို့သိရပါတယ်။ လာမယ့်လမှာ လေယာဉ်အတွက် အင်ဂျင်ကို စမ်းသပ်မှုလုပ်ဖို့ စီစဉ်ထားပြီး ၂၀၂၇ ခုနှစ်မှာတော့ အသံထက်မြန်ခရီးသည်တင် လေယာဉ်အစစ်ကြီးကို ပျံသန်း နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#thepillarmedia

Comments
Post a Comment