မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (၃၅)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကျင်းပ

 


ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၁



    မြန်မာ့စီးပွားရေးဦးပိုင်  အများနှင့်သက်ဆိုင်သော    ကုမ္ပဏီလီမိတက်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် (၃၅)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား နေပြည်တော် ဇလပ်ဝါ ပလာဇာရှိ OTTARA GRAND BALLROOM ၌ အောက်တိုဘာ ၃၁ ရက်က ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်  အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲဝင်များ၊ အစုရှယ်ယာရှင် ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဦးစွာ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက  အဖွင့် အမှာစကား ပြောကြားသည်။ 


ဆက်လက်၍ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ အစီရင်ခံစာကို ဒါရိုက်တာ ဦးယုလွင်က လည်းကောင်း၊ ကုမ္ပဏီ၏ နှစ်ချုပ်စာရင်း ရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာကို မြန်မာနိုင်ငံ စာရင်းကောင်စီမှ အသိအမှတ်ပြုထားသော ဦးလှထွန်းနှင့်အဖွဲ လီမိတက် (ပြင်ပစာရင်းစစ်အဖွဲ)မှ ဦးမောင်မောင်အောင်က လည်းကောင်း၊ အမြတ်ဝေစုခွဲဝေပေးမှု အခြေအနေကို ဒါရိုက်တာ ဦးသန်းဝင်း ကလည်းကောင်း ရှင်းလင်းတင်ပြခြင်းနှင့်  အတည်ပြုခြင်းတိုကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း   သိရသည်။




#konotchannel 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#thepillarmedia

Comments