မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မှီခိုသူအကျိုးခံစားခွင့် ခံစားရရှိ
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နေပြည်တော် အောက်တိုဘာ ၃၀
မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် လုပ်ငန်းခွင် ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ(Act - 4)အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာ မိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO)သို့ ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သည့် မှီခိုသူအကျိုးခံစားခွင့် ငွေကျပ် ၂၄၉၉၃၅၂၈ ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ပြည်ပ၌ တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေး အခွင့်အရေးများရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)နှင့် လူမှုဖူလုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOC)ကို ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO)၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရန် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act-4)အရ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား ၃၂ ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များအား မှီခိုသူမိသားစုဝင်များမှ ရရှိခံစားလျက်ရှိကြောင်း သိရသည်။
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#thepillarmediamyanmar

Comments
Post a Comment