ရှန်းကျိုး-၁၉ မှ အာကာသယာဉ်မှူးများ ထျန်းကုန်း အာကာသစခန်းသို့ ရောက်ရှိ
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နိုဝင်ဘာ ၁၊ ၂၀၂၄
ပေကျင်း၊ အာကာသတရုတ်နိုင်ငံမှ အသက်အငယ်ဆုံး အာကာသယာဉ်မှူးများ လိုက်ပါလာသည့် ရှန်းကျိုး-၁၉ အာကာသယာဉ်မှ ယာဉ်မှူးများသည် အောက်တိုဘာလ ၃၀ ရက်တွင် ထျန်းကုန်းအာကာသစခန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ရှန်းကျိုး-၁၉ အာကာသယာဉ်သည် အောက်တိုဘာလ ၃၀ ရက်နံနက်အစော ပိုင်းတွင် ကျူးကွမ်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ထွက်ခွာသွားပြီးနောက် ခြောက်နာရီခွဲခန့်အကြာ နံနက် ၁၁ နာရီတွင် ထျန်းကုန်းအာကာသစခန်းနှင့် ချိတ်ဆက်နိုင်ကာ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် အာကာသယာဉ်မှူး အသစ်များက အာကာသစခန်းထဲသို့ အောင်မြင်စွာ ဝင်သွားနိုင်ခြင်းဖြစ်သည်။
အဆိုပါအာကာသယာဉ်မှူးများအနက် စုန်လင်းတုန်နှင့် ဝမ်ဟောင်ဇီတို့မှာ ၁၉၉၀ ပြည့်နှစ်ဖွားသူများဖြစ်ကာ တရုတ်နိုင်ငံ၏ အသက်အငယ်ဆုံး အာကာသယာဉ်မှူး များဖြစ်လာသည်။ ထို့ပြင် ဝမ်ဟောင်ဇီမှာ အမျိုးသမီးတစ်ဦးဖြစ်သည့် အတွက် တရုတ် နိုင်ငံ၏အာကာသခရီးသွားသမိုင်း၌ ပထမ ဆုံးသော အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်လာသည်။
ယခုအာကာသယာဉ်လွှတ်တင်ရေး အစီအစဉ်သည် လေးခေါက်မြောက် လူပါသည့်ခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ လူပါသော အာကာသအစီအစဉ်အတွက် ၃၃ ကြိမ်မြောက်လွှတ်တင်မှုဖြစ်သည်။
လက်ရှိ ရောက်ရှိသွားပြီဖြစ်သည့် အာကာသယာဉ်မှူးသုံးဦးသည် ယခင်ရှိနေသည့် အာကာသယာဉ်မှူးများနှင့် တာဝန်များလဲလှယ်ပြီး ထျန်းကုန်းအာကာသစခန်း၌ ခြောက်လခန့်နေထိုင်ကာ သုတေသနပြုလေ့လာမှုများ ဆောင်ရွက် သွားမည်ဖြစ်သည်။
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#thepillarmedia

Comments
Post a Comment