တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နေပြည်တော် နိုဝင်ဘာ ၁၊ ၂၀၂၄ 


     ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG  ကို ယမန်နေ့က နေပြည်တော်ရှိ     နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား  ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်ပေါ် တိုးတက်မှုများကို သုံးသပ်ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ၊   အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊  ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း    ထိတွေ့ဆက်ဆံမှု အစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင်    ပိုမိုနီးကပ်စွာ   ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။                   




#konotchannel 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#thepillarmedia

Comments