မဟာအောင်မြေမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးဆောက်ရှောက်မှုဆောင်ရွက်
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နေပြည်တော်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား နိုဝင်ဘာ ၃၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး ကုသရေးအဖွဲ့က ရတနာဘူမ္မိအရှေ့ရပ်ကွက်၊ ရတနာကောသဘုရားဝန်းအတွင်းရှိ မန်းသီရိန်ဓမ္မာရုံ၌ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၄၆ ပါးနှင့် ဒေသခံပြည်သူ ၁၅၅ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များ နှင့် ဒေသခံပြည်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#konotchannel
#ThePillarMediaMyanmar
#ထောက်တိုင်မီဒီယာ
#thepillarmedia

Comments
Post a Comment