နိုင်ငံတကာ ရောင်စုံကမ္ဘာလူငယ်များ ဖိတ်ခေါ်ပန်းချီပြိုင်ပွဲ  မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ဆုများရရှိ

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

နေပြည်တော်  နိုဝင်ဘာ  ၂၈ 


တရုတ်နိုင်ငံ ပေကျင်းမြို့၌ 2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ အစီအစဉ်ဖြင့်မြန်မာနိုင်ငံမှ      ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများ    ဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ အသက် ၇ နှစ်မှ ၁၂ နှစ်အထိအုပ်စုတွင် G4 ကျောင်းသား မောင်သစ်ထူးဉာဏ်က ပထမဆု၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိအုပ်စုတွင် G9 ကျောင်းသား မောင်ဖုန်းမြတ်စံကဒုတိယဆုနှင့် G9  ကျောင်းသား မောင်မင်းစစ်ပိုင်၊G8  ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင်ကျောင်းမှ မဇူးဇူးလှိုင်တို့က တတိယဆုတို့ကိုရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ “International Youth Painting Invi-tational Exhibition; Awarding and Opening Ceremonies” ကို နိုဝင်ဘာလ ၂၃ ရက်က ပေကျင်းပြည်သူ့နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (BPAFFC)နှင့်   Beijing Association for Science and Technology,   Overseas Chinese Affairs  Office  of Beijing Municipal Government, Beijing Women's Federation တို့   ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅၂၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲကို  အသက် ၄ နှစ်မှ ၆ နှစ်အထိ အုပ်စု၊အသက်  ၇ နှစ်မှ ၁၂ နှစ်အထိ အုပ်စုနှင့် အသက်၁၃ နှစ်မှ ၁၈ နှစ်အထိ အုပ်စုဟူ၍ အုပ်စု(၃)စုခွဲခြားယှဉ်ပြိုင်စေခဲ့ကြကာ မြန်မာနိုင်ငံမှ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါ အုပ်စု(၂)စုတွင် ယှဉ်ပြိုင်ရေးဆွဲပေးပို့၍ ပြိုင်ပွဲဝင်ခဲ့ကြရာ ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   



#thepillarmedia 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#konotchannel

Comments