ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေရှစ်သိန်းခန့်ထားရှိ
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ရန်ကုန် နိုဝင်ဘာ ၂၉
ဆန်စပါးစင်တာတွင်ရှိသည့် Exporter များ၏ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိ သည့် ပို့ကုန်အခြေပြုအရန်ဆန်စနစ်တွင်ဆန်အိတ်ရေရှစ်သိန်းခန့်ရှိကြောင်း ယမန်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။
‘‘နိုင်ငံတော်အရန်ဆန်လို ပို့ကုန်အခြေပြုအရန်ဆန်စနစ်ဆိုပြီး လုပ်ထားပါတယ်။ ပို့ကုန်အခြေပြုဆိုတာ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ပါဝင်မှု၊ Exporter တွေရဲ့ပါဝင်မှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ Export တစ်တန်ပိုတိုင်းပိုတိုင်းမှာ ဆန် တစ်အိတ်၊ ဒါကတော့ ဆန်စပါးစင်တာမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီအစီအစဉ်က ဆန်အိတ်ရှစ်သိန်းလောက်ရှိပါတယ်။ ဧည့်မထကိုပဲ အဓိကထားတယ်။ ဧည့်မထ ၁၅ မှတ်အဆင့်။ ဧည့်မထမှာအုပ်စုနဲ့ရှိတယ်။ ပြည်တွင်းမှာတော့ အခြေခံပြည်သူတွေကတော့ စားလို့ရပါတယ်။ ၁၅ မှတ်အဆင့်ဖြစ်တဲ့အတွက် ဆန်ရည်ဆန်သား လည်းကောင်းပါတယ်။ သင့်တင့်မျှတပါတယ်”ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ဆန်အိတ်ရှစ်သိန်းရှိသည့်အတွက် ပရဟိတအသင်းအဖွဲ့ဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်စေ၊ စက်ရုံအလုပ်ရုံများမှဖြစ်စေ လိုအပ်ချက်ရှိပါက ရောင်းပေးမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။ ပို့ကုန်အခြေပြု အရန်ဆန်စနစ်အပြင် လက်ရှိတွင်လည်း ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်းတို့ကိုလည်း Home Delivery အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်းများရှိကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ဆန်ဖြန့်ဖြူးရောင်းချတာကလည်း အမှန်တကယ်တော့ ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ဈေးကွက်လိုအပ်ချက်ကြောင့် အထူးသဖြင့် စက်မှုဇုန်တွေ၊ ကုမ္ပဏီတွေရဲ့ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေရဲ့လိုအပ်ချက်တွေရှိလာရင် ဒီအရန်ဆန်ထဲကနေ ထုတ်ပြီးတော့ရောင်းပေးမှာပါ”ဟု ဦးရဲမင်းအောင်က ပြောကြားကြောင်း သိရသည်။
#konotchannel
#ThePillarMediaMyanmar
#ထောက်တိုင်မီဒီယာ
#thepillarmedia

Comments
Post a Comment