ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တင့်မှရဟတ်ယာဉ်အဖြစ်ပြောင်းမည့်ယာဉ် ဝါသနာရှင်တစ်ဦးဖန်တီး
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၄
မိုက်ကယ်ရက်ချတင်ဆိုတဲ့ ဝါသနာရှင် တစ်ဦးက ခလုတ်တစ်ချက်နှိပ်ရုံနဲ့တင့်ကနေ ရဟတ်ယာဉ်အဖြစ်ကို ပြောင်းလဲပေး နိုင်တဲ့ ယာဉ်တစ်မျိုးကိုဖန်တီးလိုက်တာ တွေ့ရပါတယ်။
ဒီယာဉ်ကိုတည်ဆောက်နိုင်ဖို့အတွက် သရီးဒီပရင်တာနဲ့ထုတ်လုပ်ထားတဲ့ ရာ ပေါင်းများစွာသော အစိတ်အပိုင်းတွေ၊မရေမတွက်နိုင်သော ဒီဇိုင်းပိုင်းညှိနှိုင်းရမှု တွေ၊ အပျက်အစီးအကျိုးအပဲ့တွေ၊ ဆော့ဝဲအမှားတွေ၊ ခက်ခဲတဲ့ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုံးမှာ တော့ အမှန်တကယ်အလုပ်ဖြစ်တဲ့အရာ တစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီဆိုပြီး မိုက်ကယ် ရက်ချတင်ကပြောပါတယ်။
သူ့ရဲ့ပုံစံပြောင်းယာဉ်က ဘားတန်း လေးခုချိတ်ဆက်မှုစနစ်ကနေတစ်ဆင့် တင့်ကနေရဟတ်ယာဉ်အဖြစ်ကိုပြောင်း လဲသွားတာပါ။ အဓိကကိုယ်ထည်ပိုင်းကို တော့ ကာဗွန်ဖိုက်ဘာပြားတွေနဲ့လုပ်ထား တာဖြစ်ပါတယ်။ အရေးကြီးတဲ့ဝန်ပိအစိတ် အပိုင်းတွေကိုကျတော့ ခိုင်ခံ့မှုနဲ့အပူဒဏ် ခံနိုင်စေရေးအတွက် ပေါ့ပါးလှတဲ့ကာဗွန် ဖိုက် ဘာနိုင်လွန်နဲ့ပြုလုပ်ထားတာပါ။
ဒီယာဉ်ကိုထိန်းချုပ်ဖို့အတွက်ကျတော့ Dreamflight ဆော့ဝဲကိုအသုံးပြုထားတာ ဖြစ်ပြီး စမ်းသပ်မှုလုပ်တဲ့အချိန်မှာ အဲဒီ ပုံစံပြောင်းယာဉ်က တင့်ကနေရဟတ်ယာဉ် အဖြစ်၊ ရဟတ်ယာဉ်ကနေတင့်အဖြစ်ကို အလွယ်တကူပုံစံပြောင်းလဲနိုင်တာတွေ့ ရပါတယ်။ ဒါပေမဲ့လည်း ပိုမိုကောင်းမွန် စေဖို့တိုးတက်မှုလုပ်ရပါဦးမယ်။
#thepillarmedia
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#konotchannel

Comments
Post a Comment