ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ရုံးပိတ်ရက်ကာလအတွင်း ပြည်တွင်းခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုများပြား

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

ညောင်ဦး  နိုဝင်ဘာ  ၂၇ 


မန္တလေးတိုင်းဒေသကြီး   ညောင်ဦးခရိုင်  ညောင်ဦးမြို့နယ်ရှိ     ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌   ရုံးပိတ်ရက်ကာလအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများပြားကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ပုဂံယဉ်ကျေးမှု  အမွေအနှစ်ဒေသသို့ရုံးပိတ်ရက်၊     ကျောင်းပိတ်ရက်ကာလအတွင်း သမိုင်းဝင်ဘုရားစေတီပုထိုးများဖြစ်သော မဟာငှက်ပစ်တောင်စေတီ၊    ထီးလိုမင်းလိုဘုရား၊       အာနန္ဒာဘုရား၊မဟာဗောဓိဘုရား၊  ဗူးဘုရား၊  ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊  ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊  မနူဟာဘုရား၊   ဓမ္မရာဇကဘုရား၊ရှင်အဇ္ဇဂေါဏဘုရား၊   ဓမ္မရံကြီးနှင့်  စူဠာမဏိဘုရားများတွင်     လာရောက်လည်ပတ်သည့်    ပြည်တွင်းခရီးသွားဧည့်သည်   ၈၀၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

 ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ပြည်တွင်း    ပြည်ပခရီးသွားဧည့်သည် အများအပြား   လာရောက်လေ့ရှိသည့် ဒေသဖြစ်ပြီး  သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊    ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်နှင့်    ကျောင်းပိတ်ရက်များတွင်        ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှု   အမွေအနှစ်ဒေသ၌   အလွန်ရှေးကျပြီး    ပကတိအတိုင်းရှိနေသေးသည့်  ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ၊ အုတ်ရိုး၊ နန်းမြို့ရိုး၊အုတ်ပုံများနှင့် ရှေးဟောင်းအမွေအနှစ်များစွာတည်ရှိသည့်အတွက်    ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ကြောင်း သိရသည်။



#thepillarmedia 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#konotchannel

Comments