
ရန်ကုန် နိုဝင်ဘာ ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် သက်ဆိုင် ရာ သံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည် ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ Dammam မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မပြည့်သဉ္ဇာချို အား အမိနိုင်ငံသို့ အမြန် ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာ ၂၆ ရက် က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ထွက်ခွာခဲ့ပြီး ယမန်နေ့ ည ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံးနှင့်မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင် ရွက်မှုဖြင့် အမိနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရ၊ မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ကို အလုပ်သမားနှင့် မိဘဆွေမျိုးများက လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
#konotchannel
#ThePillarMediaMyanmar
#ထောက်တိုင်မီဒီယာ
#thepillarmedia
Comments
Post a Comment