သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏  (၈)ကြိမ်မြောက် အခမဲ့မျက်စိအလင်း အလှူတွင် မျက်စိဝေဒနာရှင် လူနာ ၄၀ ကျော်ကို လေဆာဖြင့်ကုသပေးနိုင်ခဲ့

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ရန်ကုန် နိုဝင်ဘာ ၃၀


သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏(၈)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ မျက်စိဝေဒနာရှင်၂၂၅၈ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၅၂၀ ဦးအား ခွဲစိတ်ကုသ အလင်းရောင်ပေးလှူခဲ့ကာ  ၄၇ ဦးကိုလည်း လေဆာဖြင့်ကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း  သီတဂူစက္ခုဒါနဆေးရုံကြီးမှ သိရသည်။


သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့်  မျက်စိအထူးကုဆရာဝန်ကြီးများ၊သူနာပြု၊ အကူသူနာပြု၊  ကြက်ခြေနီ အဖွဲ့နှင့်  အလှူရှင်တို့၏ပူးပေါင်းပါဝင်ကုသိုလ်ပြုခြင်းဖြင့် (၈)ကြိမ်အထိ အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့သည်။ မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား ဒီဇင်ဘာလ၁ ရက် နံနက် ၆ နာရီခွဲမှစ၍ မျက်စိပါရဂူဆရာဝန်ကြီးများက   ပြန်လည်ကြည့်ရှုစစ်ဆေးပေးမည်ဖြစ်သည်။


ယခုအကြိမ်အပါအဝင် စုစုပေါင်း(၈)ကြိမ်တွင် မျက်စိဝေဒနာရှင် ၁၀၈၅၉  ဦးအား စမ်းသပ်ပေးခြင်း၊ ၃၁၅၇  ဦးကို ခွဲစိတ်ကုသခြင်းနှင့်  ၂၁၅ ဦးကို လေဆာဖြင့် ကုသမှုပေးခဲ့ပြီး လူနာအသစ်များမှာ (၁၀)ကြိမ်မြောက် မျက်စိအလှူတွင်သာ  ပါဝင် နိုင်မည်ဖြစ်၍  အသစ်ခေါ်မည့်ရက်ကိုကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။       


#thepillarmedia 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#konotchannel  

Comments