မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ခံတွေ့ဆုံ

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

ရန်ကုန် နိုဝင်ဘာ ၂၉ 

ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းသည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး H.E. Ms. Ma Jia အား နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေး ဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ဘာသာရေးနှင့် ယဉ်‌ကျေးမှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လန်ချန်း - မဲခေါင် ကဏ္ဍ၊ ရန်ကုန် -ယူနန်ဆက်ဆံရေးကဏ္ဍ၊ တရုတ်-မြန်မာညီအစ်မမြို့တော်ထူထောင် ခြင်းကဏ္ဍများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ၊ ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ချစ်ကြည်ရေးထူထောင်သည့်     (၇၄)နှစ်မြောက်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် (၇၅)နှစ် မြောက် စိန်ရတုရောက်ရှိတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား    ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်း  ဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



#konotchannel 

#ThePillarMediaMyanmar 

#ထောက်တိုင်မီဒီယာ 

#thepillarmedia

Comments