(UNHCR) ၏ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လက်ခံတွေ့ဆုံ

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

နေပြည်တော် နိုဝင်ဘာ ၂၉ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့ကို နိုဝင်ဘာ ၂၈ ရက်က အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ်ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်များအတွက် ဝန်ကြီး ဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးနေမှုများ၊ UNHCR မှ ရေဘေးသင့်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့သည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



#konotchannel 

#ThePillarMediaMyanmar 

#ထောက်တိုင်မီဒီယာ 

#thepillarmedia

 

Comments