(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အမျိုးသား အမျိုးသမီး အလွတ်တန်း စက်ဘီးပြိုင်ပွဲ ကျင်းပမည်
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ဒီဇင်ဘာ ၃၀ -၂၀၂၄
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား၊ အမျိုးသမီး အလွတ်တန်းစက်ဘီးပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအလွတ်တန်းစက်ဘီးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက် ၆ နာရီတွင် သတ်မှတ်နေရာများမှ တာလွှတ်မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲ အတွက် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေမှတ်တိုင်အနီး ဒေဝူးအထည်ချုပ်စက်ရုံရှေ့မှ ပြည်လမ်းအတိုင်း စီးနင်း၍ ပြည်သူ့ရင်ပြင်၌ ပန်းဝင်ရမည်ဖြစ်သည်။ ထို့အတူ အမျိုးသမီးပြိုင်ပွဲအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းဆုံမှ ပြည်လမ်းအတိုင်းစီးနင်း၍ ပြည်သူ့ရင်ပြင်၌ ပန်းဝင်ကြရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲ၏ အမျိုးသားပွဲစဉ်တွင် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆုငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်း၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်း၊ ပဉ္စမဆု ငွေကျပ် တစ်သိန်းနှင့် နံပါတ်(၆)မှ(၂၅)အထိ ပန်းဝင်သူများအား ငွေကျပ်ငါးသောင်းစီ ချီးမြှင့်မည်ဖြစ်သည်။ ထို့အတူ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ် တစ်သိန်း၊ စတုတ္ထဆုနှင့် ပဉ္စမဆုအတွက် ငွေကျပ် ခုနစ်သောင်းခွဲစီနှင့် နံပါတ်(၆) မှ (၂၀) အထိ ပန်းဝင်သူများအား ငွေကျပ် ငါးသောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား၊အမျိုးသမီး အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများအနေဖြင့် ဖုန်း-၀၉-၄၃၁၂၉၁၇၇၊ ၀၉-၄၂၀၁၆၃၃၄၈ နှင့် ၀၉-၇၉၀၈၇၁၄၀၅ တို့သို့ ဆက်သွယ်စုံစမ်းပြီး မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ရုံး၌ ရုံးချိန်အတွင်း နံပါတ်ပြား ထုတ်ယူကြရမည် ဖြစ်ကြောင်း သိရသည်။
#naynineoffical
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#myanmapillar

Comments
Post a Comment