ညောင်တုန်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဖွင့်ပွဲကျင်းပ

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

ဒီဇင်ဘာ ၃၀ -၂၀၂၄


    ဧရာဝတီတိုင်းဒေသကြီး    ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့  ပူးပေါင်းစီစဉ်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ဒီဇင်ဘာလ ၂၉ ရက်တွင် ညောင်တုန်းမြို့  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး  ဦးခင်မောင်ကြည်၊  တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန   ညွှန်ကြားရေးမှူး   ဒေါ်ယဉ်ဆွေဝင်း၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးမျိုးကျော်တို့က  ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်၊၊

ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများ ပွင့်ကြပြီသီချင်းဖြင့်  ဖျော်ဖြေတင်ဆက်ပြီး  အခမ်းအနားကို  စတင်ဖွင့်လှစ်ကာ "နိုင်ငံတော်အကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်"     ဗီဒီယိုပြသမှုကို  ကြည့်ရှုအားပေးကြသည်။ 

  ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ၏ စာပေ ပြိုင်ပွဲများ၊ ကာယ/ဉာဏပြိုင်ပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာ နေမှုများနှင့် ဌာနဆိုင်ရာပြခန်းများကို    လှည့်လည်ကြည့်ရှုအားပေးပြီး ပန်းဖွားနှင့် ကဗျာလွတ်အကအဖွဲ့များ၊ ကရင်ဒုံးယိမ်းအက အဖွဲ့များအား   ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်၊၊


#naynineoffical 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#myanmapillar

Comments