ထိုင်းနိုင်ငံမှ တောင်ကိုရီးယားသို့ထွက်ခွာသည့် လေယာဉ်ပျက်မှုတွင် ၁၈၁ ဦး ဦး လိုက်ပါလာသော်လည်း ၂ ဦးသာ အသက်ရှင်
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ဒီဇင်ဘာ ၂၉ -၂၀၂၄
ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှ တောင်ကိုရီးယားနိုင်ငံ Muan သို့ထွက်ခွာသည့်
လေယာဉ်ပျက်မှုတွင် ၁၈၁ ဦး ဦး လိုက်ပါလာသော်လည်း ၂ ဦးသာ အသက်ရှင်ခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပျံသန်းထွက်ခွာလာတဲ့ Jeju Air လေယာဉ် 7C2216 Boeing 737-800 ဟာ ဒီမနက် ၉ နာရီ ၇ မိနစ်ခန့်မှာ Muan လေဆိပ်ပြေးလမ်းအဆင်း ဘီးလုံးမကျတဲ့ ချို့ယွင်းမှုဖြစ်ပွားပြီး ကွန်ကရစ် ခြံစည်းရိုးနဲ့တိုက်မိလို့ စက္ကန့်ပိုင်းအတွင်း မီးလောင်ပေါက်ကွဲသွားခဲ့ဖြစ်ပါတယ်။
Jeju Air လေယာဉ်ဟာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦး တင်ဆောင်လာတာ ဖြစ်ပြီး
အစောဆုံးကယ်ဆယ်နိုင်သူ ခရီးသည်အမျိုးသမီးတစ်ဦးနဲ့ လေယာဉ်အမှူထမ်းအမျိုးသမီးတစ်ဦးတို့ နှစ်ဦးမှအပ ကျန်သူအားလုံး အသက်မရှင်နိုင်တော့ဘူးလို့ သိရပါတယ်။
ယင်းလေယာဉ်ပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးသာပါဝင်ပြီး ကျန်တဲ့ ၁၇၉ ဦးသည် တောင်ကိုရီးယားနိုင်ငံသားတွေ
ဖြစ်ကြပြီး ဒီပေါက်ကွဲမီးလောင်မှုမှာ လေယာဉ်တစ်စီးလုံးနီးပါး ပျက်စီးခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဥ်မှာ Bird Strike ကြောင့် ဆင်းသက်ချိန် ဂီယာချို့ယွင်းခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်ထားပေမဲ့ အကြောင်းအရင်းမှန်သိရဖို့တော့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
#naynineoffical
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#myanmapillar

Comments
Post a Comment