ဘန်ကောက်မြို့ရှိဟိုတယ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား သုံးဦးသေဆုံး

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

ဒီဇင်ဘာ ၃၁ -၂၀၂၄             


 

     ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူသုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း   ဒေသတွင်း မီးသတ်တပ်ဖွဲ့က ဒီဇင်ဘာလ ၃၀   ရက်တွင် ထုတ်ပြန်သည်။

မီးလောင်ကျွမ်းမှုသည် ဘန်ကောက်မြို့တော်ရှိ   ခေါင်ဆန်းလမ်းမပေါ်တွင် တည်ရှိသော ခြောက်ထပ်ဟိုတယ်၏ ပဉ္စမအထပ်တွင် ဒီဇင်ဘာလ ၂၉ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်ခန့်က စတင်ဖြစ်ပွားခြင်းဖြစ်သည်။ သေဆုံးသူများမှာ နိုင်ငံခြားသားများဖြစ်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများတွင် ထိုင်းနိုင်ငံသားနှစ်ဦးနှင့်  နိုင်ငံခြားသား ငါးဦးတို့ပါဝင်ကြောင်း   မီးသတ်တပ်ဖွဲ့က    ထုတ်ပြန်သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အာဏာပိုင်အဖွဲ့က ဟိုတယ်အား ပိတ်ပစ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။


#naynineoffical 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#myanmapillar 

Comments