နှစ်သစ်ကူးကာလ မြိတ်ကျွန်းစုခရီးသွား လုပ်ငန်းများ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ဒီဇင်ဘာ ၃၁ -၂၀၂၄
နှစ်သစ်ကူးကာလတွင် ပြည်တွင်း ခရီးသွားဒေသများရှိ ဟိုတယ်များအနေ ဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေအနားယူနိုင်ရန် ကြိုတင်ပြင် ဆင်ထားကြသည့်နည်းတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျွန်းများမှ ဟိုတယ်များနှင့် အပန်းဖြေခရီးသွား လုပ်ငန်းများသည် ပြည်တွင်း၊ ပြည်ပခရီး သွားများအတွက် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြ ကြောင်း သိရသည်။
"နှစ်သစ်ကူးကာလမှာ ခရီးသွားတွေ အတွက် မြိတ်ကျွန်းစုမှာရှိတဲ့ ဟိုတယ်တွေ၊ အပန်းဖြေခရီးသွားလုပ်ငန်းတွေက ပရိုမိုးရှင်းတွေလုပ်နေကြပြီ။ ဒေသအစား အစာနဲ့ ဆလုံလူမျိုးတွေရဲ့ လူနေမှုဓလေ့ စရိုက်နဲ့သဘာဝတွေ၊ မြိတ်ကျွန်းစုမှာ ရှိတဲ့ ရေလုပ်သားတွေရဲ့ လူနေမှုဘဝနဲ့ ပင်လယ်လှိုင်းလုံးတွေကြား ဝမ်းစာ အတွက် ရှာဖွေနေထိုင်မှုတွေကိုလည်း ကိုယ်တိုင်မြင်တွေ့ ခံစားကြည့်ရှုနိုင်အောင် စီစဉ်ပေးထားသလို နှစ်သစ်ကူးကာလမှာ ခရီးသွားတွေ ပျော်ရွှင်စွာအပန်းဖြေနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ ကျွန်းဘုရင် (ခေါ်) လေးကျွန်းမှာဆိုရင် နှစ်သစ်ကူး ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား တွေအတွက် သက်သာတဲ့စျေးနှုန်းတွေနဲ့ အပန်းဖြေနိုင်အောင် စီစဉ်ထားပါတယ်။ ကမ်းခြေမှာ မီးပုံပွဲတွေနဲ့ ဆိုကြကကြဖို့ စီစဉ်ပေးတဲ့အပြင် ဒီရေတောတွေမှာလည်း ကနူးလှေစီးတာ၊ အမှတ်တရဒီရေတော သစ်ပင်စိုက်မယ်ဆိုလည်း အုပ်စုလိုက် သစ်ပင်စိုက်နိုင်အောင်နဲ့ ဒီရေတောထိန်း သိမ်းတာတွေလည်း စီစဉ်ပေးပါတယ်" ဟု Blue Ocean Star Resort & Travel Co.,Ltd. CEO ဦးကျော်မိုးကပြောသည်။
ထို့ပြင် မြိတ်ကျွန်းစုရှိ ဆလုံရွာများကိုသွားရောက်လည်ပတ်ပြီး ဒေသခံများနှင့် တွေ့ဆုံကာ ရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်ပြီး ပင်လယ်ရေအောက်မှ သန္တာကျောက်တန်းများနှင့် ငါးမျိုးစိတ် များကို လေ့လာနိုင်သကဲ့သို့ ကျွန်းများရှိ ပင်လယ်လိပ်ပြာနှင့် အောက်ချင်းငှက် များအပါအဝင် ငှက်မျိုးစိတ်များစွာကို လည်း လေ့လာနိုင်ကြောင်း သိရသည်။
မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ခဲ့ပြီး ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်းများ တိုးတက်ကောင်းမွန်လာခဲ့သည်။ ရက်ရှည် ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ် သူပိုမိုများပြားပြီး တစ်ရက်လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ ခန့်ရှိကြောင်း သိရသည်။
#naynineoffical
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#myanmapillar

Comments
Post a Comment