နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် (၂၀)လုံးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇန်နဝါရီ ၂၉၊ ၂၀၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၂၀ လုံးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဥပဒေ နှင့်အညီဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ပြည်သူလူထု၏ အသက်၊အိုးအိမ်၊ စိည်းစိမ်ကို မငဲ့ကွက်ဘဲ ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ကျေးရွာ၊ ရပ်ကွက်များအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက် လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာမျာသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရသည်။
#naynineoffical
#konotchannel
#ThePillarMediaMyanmar
#myanmapillar
#thepillarmedia
#ထောက်တိုင်မီဒီယာ
Comments
Post a Comment