ကော့မှူးမြို့နယ်၌ မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ကူညီပို့ဆောင်ပေး
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇန်နဝါရီ ၂၉၊ ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍ မလင်းသူ မရှိစေရ" ကုသရေး အစီအစဉ်တွင် မျက်စိခွဲစိတ် ကုသရမည့် မျက်စိဝေဒနာရှင် လူနာများ ဆေးရုံတက်ရောက် ကုသနိုင်ရန် ကော့မှူးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ဗဟန်းအမျိုးသမီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ဆရာဝန်များက စမ်းသပ်စစ်ဆေးခြင်း၊ ကုသဆောင်များတွင် နေရာချထားပေးခြင်းများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#naynineoffical
#konotchannel
#ThePillarMediaMyanmar
#myanmapillar
#thepillarmedia
#ထောက်တိုင်မီဒီယာ
Comments
Post a Comment