(၁၄)ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၏ (၁၄)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ ဥက္ကဋ္ဌဦးကြည် စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အလုပ်အမှုဆောင် များ၊ ဂီတအစည်းအရုံး ဝင်များ၊ ကန်တော့ခံသက်ကြီးဂီတပညာရှင်များနှင့် စာပေ၊ ရုပ်ရှင်၊ သဘင်မှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အထွေထွေအတွင်းရေးမှူး က သက် ကြီး ပူဇော်ပွဲအတွက် လှူဒါန်းရရှိသော အလှူငွေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။းနောက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကို ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ က လက်ခံရယူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၁၅၅ သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ကလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ယနေ့တွင် အလှူရှင်များက လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၄၁၆၉၀၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Comments
Post a Comment