အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
“ထိရောက်သော လူထုဆက်ဆံရေး အတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ” ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲ လေ့လာသူအဖြစ် တက်ရောက်သည့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့တွင် သင်တန်းဆရာများက ဦးဆောင်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများသည် အစိုးရပြောရေးဆိုခွင့်ရှိသူများအနေဖြင့် လူထုနှင့် ထိရောက်သော ဆက်ဆံရေး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိရမည့် စိတ်နေစိတ်ထား၊ အသံအနေအထားနှင့် ကိုယ်ဟန်အနေအထားဆိုင်ရာ၊ မီဒီယာများနှင့်ျိတ်ဆက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပမှုဆိုင်ရာ၊ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်မှုဆိုင်ရာ၊ မီဒီယာများနှင့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ၊ ဝက်ဆိုက်များနှင့် ဆိုရှယ်မီဒီယာ အသုံးပြုခြင်းဆိုင်ရာ အကြောင်းအရာများကို အဖွဲ့လိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့် ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့် အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့် ပြည်သူလူထု အကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်း အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်ပြီး အာဆီယံပြန်ကြားရေးဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲအစီအစဉ်များအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား လှယ်များနှင့် သင်တန်းနည်းပြများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment