မိုဘိုင်းသုံးစွဲမှု တိုးတက်လာသည်နှင့်အမျှ ဘဏ်ဝန်ဆောင်မှု မရရှိသေးသည့်ဒေသမှ ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ ရရှိရန်လိုဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြော
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ပြည်တွင်း၌ မိုဘိုင်းသုံးစွဲမှုတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်းဝန်ဆောင်မှု မရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
“ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု များကို ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်း လစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေ ထုတ်ချေးခြင်းနှင့် ကောက်ခံ ခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစား ငွေပေးချေမှုများအတွက်လည်း စနစ်တကျခွင့်ပြုပေးထားသည်ကို တွေ့ရှိရတယ်” လို့ ပြောပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁
၊ ကျောက်စိမ်းခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက်
National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယင်းအပြင် “အမျိုးသားငွေပေးချေမှုစနစ်
မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး
ဘဏ်များအကြားကွဲပြားသည့် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုပေးသူများအကြား မြန်မြန်ဆန်ဆန်
ချိတ်ဆက်ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုလိုအပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း
ကြူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသား စံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန်
ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာ ကြူအာ(MMQR)စနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင်
နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကြူအာကုတ်အမျိုးမျိုး
ကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊
ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့်
လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ် သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ
ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကြူအာ (MMQR) ကနေတစ်ဆင့်
ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံ အဆင့်ဆင့်ကိုလည်း
သုံးစွဲသူပြည်သူများ ရှင်းရှင်းလင်းလင်း နားလည် အသုံးပြုနိုင် အောင်
အသိပညာပေးသွားရန် လိုအပ်တယ်”လို့ ဆိုပါတယ်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
3.jpg)
Comments
Post a Comment