မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ဒုတိယဝန်ကြီး ဦးကိုကိုကျော် လက်ခံတွေ့ဆုံ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးနှင့် ကောင်စစ်ရေးရာကိစ္စရပ်များ အပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment