ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိ



ThePillarMediaMyanmar

ထောက်တိုင်မီဒီယာ

မတ်လ ၂၇၊ ၂၀၂၅ 

               ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မတ်လ ၂၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဘားအံမြို့နယ်၊ မုကဝါကျေးရွာအနီး ဘားအံ-ဇာသပြင်ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘားအံဘက်မှ ဇာသပြင်ဘက်သို့ ဘားအံမြို့နယ်၊ (၉)ရပ်ကွက်နေ မျိုးသန့်(၄၆)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မလွင်လွင်မော် လိုက်ပါလာသည့် YGN-20 1J/xxxx NISSAN ADVAN ယာဉ်နှင့် မုကဝါကျေးရွာနေ မြင့်ဝင်း(၄၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့ သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်၌ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိ ခဲ့သဖြင့် မြင့်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မျိုးသန့်နှင့် မြင့်ဝင်းတို့ ၂ ဦးအား ထုံးအိုင်နယ်မြေ ရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

Comments