သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံး
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
မတ်လ ၂၆၊ ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မတ်လ ၂၂ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် သန်လျင်မြို့နယ်၊ မြို့ပတ်လမ်း ထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း တောင်မှမြောက်သို့ ထန်းပင်ကုန်း ရပ်ကွက်နေ ဇော်ထွေး(၃၂)နှစ်မောင်းနှင်သော YGN-31 3R-xxxx SUZUKI CARRY ယာဉ်သည် မြို့ပတ်လမ်းထိပ်အရောက် ဝဲဘက်သို့ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း မြောက်မှတောင်သို့ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်နေ ဦးအောင်ဖြိုးပိုင်(၄၄)နှစ် မောင်းနှင်လာသော YGN-39 5D-xxxxTOYOTA RUSH ယာဉ်အား အရှိန်မထိန်းနိုင်ဘဲဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဇော်ထွေးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဇော်ထွေးအား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment