ရွှေဘိုမြို့နယ်၌ လက်နက်ကိုင်များက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးထိခိုက်ဒဏ်ရာရ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
မတ်လ ၂၈၊ ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လက်နက်ကိုင်များက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ရွှေဘိုမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးလေးဦးနှင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ ရွှေဘိုမြို့နယ်၊ အမှတ်(၉)ရပ်ကွက်သို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်ခင်စိန်(ခ)ဒေါ်မွှေး(၆၇)နှစ်၊ ဒေါ်ခိုင်မို့မို့လင်း(ခ)မမိုး(၃၈)နှစ်၊ ဒေါ်တင်တင်မိုး(၃၀)နှစ်၊ ဒေါ်တင်တင်ဌေး(၆၃)နှစ်နှင့် မောင်ဇင်မင်းထက်(၅)နှစ်တို့တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment