ရွှေဘိုမြို့ရှိ အောင်ဇေယျဈေးအတွင်းသို့ PDFများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
မတ်လ ၂၇ ၊ ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ မတ်လ ၂၅ ရက်နေ့တွင် PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေး အတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF များက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် ဈေးအတွင်း ဈေးရောင်းနေသည့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သိရသည်။
#thepillarmedia
#ထောက်တိုင်မီဒီယာ
Comments
Post a Comment