နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၆ ရက်ဦ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ် သို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချူပ် စိုးမင်းနှင့် တပ်မတော်အရာရှိကြီး များက လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။
အလားတူ ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment