ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
မတ်လ ၂၆၊ ၂၀၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေဖြင့် ဟိုပုံးမြို့နယ်စငေါ ကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုတို့ရှိ ဘန့်ပိန်း-ဟိုဟွေးကျေးရွာချင်းဆက်မြေသားလမ်း ၁ မိုင် ၄ ဖာလုံအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာခြောက်ရွာမှ လူဦးရေ ၄၇၄၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၂၀ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပြင်ထိန်း ၄ မိုင်၊ ကတ္တရာလမ်း ၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတားရှစ်စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်း လုပ်ငန်းနှစ်ခု၊ ကျောက်စီရေမြောင်း ၁၅၀ ပေ၊ မြေပြိုဖယ်ရှားခြင်း ၅ မိုင် ၆ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂ မိုင် ၂ ဖာလုံ၊ ပညာရေး လုပ်ငန်းနှစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်း လုပ်ငန်းတစ်တွင်း၊ သာသနာရေး လုပ်ငန်း ရှစ်ခု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းခြောက်ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုအား စုစုပေါင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၂၈၆၂ ဒသမ ၂၁၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment