သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရသည့် ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သောက်သုံး ရေများ ဖြန့်ဝေလှူဒါန်း

 ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဧပြီ ၁၀၊ ၂၀၂၅ 

ရန်ကုန်တိုင်းဒေသကြီး၊    ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသည့် မှော်စက်ရပ်ကွက်ရှိ အိမ်ထောင်စု ၂၂၆ စု၊ ကမာကဆစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၃၁၂ စု၊ ကျန်စစ်သားရပ်ကွက်ရှိ အိမ်ထောင်စု ၄၅၈ စုနှင့်  ဗညားဒလရပ်ကွက်၊ နန်းဦးပရိယတ္တိ စာသင်တိုက်၌ သီတင်းသုံးနေထိုင် တော်မူသော သံဃာတော် ၁၅၀ ပါးတို့အတွက် သောက်သုံးရေ အဆင်ပြေစေရေးအတွက် ဧပြီ ၉ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ဒလတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ၄၃ မီတာရေသယ်ယာဉ်ဖြင့် သောက်သုံးရေ စုစုပေါင်း ဂါလန် ၅၀၀၀၀ ကို သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 


#thepillarmediamyanmar  

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

#ငလျင်  

Comments