မြင်းခြံမြို့နယ်၌ PDF များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရ
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
ဧပြီ ၂၈၊ ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ PDF များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ညိုချော(၄၅)နှစ် တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဦးရဲမြင့်(၈၀)နှစ်၊ ဦးကျော်လွင် (၅၆)နှစ်၊ ဒေါ်သန်းညွန့်(၇၆)နှစ်နှင့် ဒေါ်မြင့်မြင့်လွင်(၆၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
#konotchannel

Comments
Post a Comment