ကော့ကရိတ်မြို့နယ်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော်များအပါအဝင် အရပ်သားပြည်သူများနှင့် ကလေးငယ်များ သေဆုံး
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
ဧပြီ ၂၂၊ ၂၀၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ ယမန်နေ့က KNU နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ကိုရဲမင်းထွန်း(၂၀)နှစ်နှင့် ဒေါ်နီနီဝင်း (၃၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ အတွင်း လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ မဟာဝိဟာရ ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်းမှ သံဃာတော်များဖြစ်ကြသည့် ရှင်စိတ္တရဉာဏ(၁၇)နှစ်၊ ရှင်ဝိစေဂျ(၁၆)နှစ်၊ ရှင်ဉာဏဓဿီ(၁၅)နှစ်၊ ရှင်ဝဏ္ဏသီရိ(၁၅)နှစ်၊ ရှင်ဩရသ(၁၅)နှစ်၊ ရှင်ပုမ္မရမ္မ (၂၀)နှစ်ဝါတော်(၁)ဝါ၊ဥူးနန္ဒမာလ(၅၀)နှစ် ဝါတော်(၃၀)ဝါ၊ ဥူးသီလဝံသ(၆၃)နှစ် ဝါတော်(၄၀)ဝါ၊ ရှင်ဝါရမ(၂၅)နှစ် ဝါတော်(၅)ဝါ၊ရှင်စမ္မသာမိ(၁၅)နှစ်နှင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်သန်းအေး(၆၉)နှစ်၊ ဒေါ်ဧကရီအောင်(၂၅)နှစ်၊ မယွန်းထျူး(၅)နှစ်၊ မနှင်းသဇင်ထက်(၁၀)နှစ်၊ ဒေါ်ကြူကြူဝင်း(၃၄)နှစ်၊ ဒေါ်အေးခိုင်(၄၂)နှစ်၊ မောင်ရွှေအုန်းနန္ဒ(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လမြိုင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၇ နာရီတွင် ကော့ကရိတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်သို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မအေးသီတာလွင် (၂၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အမှတ်(၅)စစ်မြေပြင် ဆေးတပ်ခွဲသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment