အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညွှန်ကြား



ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

ဧပြီ ၁၉၊ ၂၀၂၅


အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညွှန်ကြားထားကြောင်း သိရသည်။ 


“လိုအပ်စာသင်ကျောင်းများနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက် ပေးသွားရန်လိုကြောင်း၊ ကလေးငယ်များ ကျောင်းဖွင့်ချိန်၌ ပညာသင်ကြားနိုင်ရေး ဆောင်ရွက် ပေးသွားရမည် ဖြစ်ကြောင်း၊   ပြင်ဆင်ရန်လိုအပ်သည့် စာသင်ကျောင်းများအလိုက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆောက်အဦများ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေး   စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း” ၎င်းက ပြောသည်။ 


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ် စုစုပေါင်း ၆ သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာရုံး/ အဆောက်အဦ ၃၆၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


ထို့ပြင်  တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ဆူ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိသေဆုံးသူဦးရေ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူဦးရေ ၁၄၅ ဦးရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက်အထိ မြန်မာနိုင်ငံမှရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံတကာမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်  လူဦးရေ ၆၅၃ ဦးအား အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၇၁၈ ဦးတို့အား  ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ

Comments