အင်ဒိုနီးရှားက အမေရိကန်မှ ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ သွင်းကုန်တင်သွင်းမည်

 ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

ဧပြီ ၁၉၊ ၂၀၂၅


အင်ဒိုနီးရှားအစိုးရအနေဖြင့် အမေရိကန် အစိုးရကချမှတ်သော ထပ်ဆောင်း စည်းကြပ်အခွန်များကို ရှောင်ရှားနိုင်ရေး အတွက် အမေရိကန်မှ ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ သွင်းကုန်များကိုတင်သွင်းသွား မည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီးနှင့်တာဝန်ရှိသူများက အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် သွားရောက် ညှိနှိုင်းဆွေးနွေးပြီးနောက် စွမ်းအင်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံဖိုးအထိအပါအဝင် သွင်းကုန်ပမာဏ စုစုပေါင်း ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ တင်သွင်းမည်ဟု ဧပြီလ ၁၈ ရက်တွင် စီးပွားရေးဝန်ကြီးကပြောခြင်း ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဂျုံ၊ ပဲပိစပ်တို့ကိုသာမက စက်မှုလုပ် ငန်းအတွက် သွင်းအားစုများကိုလည်း တိုးမြှင့်တင်သွင်းသွားမည်ဟု စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက ပြောသည်။

အလားတူ အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေသည့် အမေရိကန်ကုမ္ပဏီများ အဆင်ပြေစေရေးကိုလည်း  ဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆက်ပြောသည်။     

 Ref: SCMP


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ

Comments