ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်



ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

ဧပြီ ၂၉၊ ၂၀၂၅


ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း သိရသည်။ 


 ထားဝယ်မြို့၊ ကူးတို့ကျေးရွာနေ ဦးဘစိုးကြည်(၆၅)နှစ်သည် ဧပြီလ ၂၆ ရက်နေ့ ည ၄ နာရီ ၄၅ မိနစ်က ရှင်မုတ္ထီးကျေးရွာဘက်မှ ကူးတို့ ကျေးရွာဘက်သို့ ၎င်းပိုင် New Holland အမျိုးအစားလယ်ထွန်စက်အား မောင်းနှင်ပြန်လာစဉ် ကနိုင်းဒါကျေးရွာနှင့် ရှင်မုတ္ထီးကျေးရွာကြားရှိ ရှင်မုတ္ထီး Toll Gate အနီးအရောက်၌ အသင့်စောင့်ဆိုင်းနေသည့် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဘစိုးကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အရပ်သားပြည်သူသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ 


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

#konotchannel

Comments