ထားဝယ်မြို့နယ်၌ PDF များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရ
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
ဧပြီ ၂၉၊ ၂၀၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာသို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်က PDFများက အများပြည်သူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာရှိ ဇဟာဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးစန္ဒာသီရိ(၅၇)နှစ် (၃၆)ဝါ၊ဥူးပုည(၇၅)နှစ် (၄၀)ဝါတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျေးရွာနေသူများဖြစ်ကြသည့် ဦးမျိုးကျော် (၄၅)နှစ်နှင့် ဒေါ်လေးလေး(ခ)ဒေါ်ဆွေဇင်အောင်(၄၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
#konotchannel

Comments
Post a Comment