နေပြည်တော်တွင် ပြိုကျခဲ့သည့် အဆောက်အဦများအတွင်းတွေ့ရှိသည့် လက်ဝတ်ရတနာများနှင့် ငွေသားများအား ပိုင်ရှင်ထံ ပေးအပ်
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဧပြီ ၁၀၊ ၂၀၂၅
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ပင်လုံဆေးရုံ အဆောက်အဦအတွင်း ဧပြီ ၉ ရက်က ပြန်လည်ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရှာဖွေတွေ့ရှိသော ငွေသားများ၊ လက်ဝတ်ရတနာများနှင့် တန်ဖိုးကြီးပစ္စည်းများအား ဆေးရုံအုပ်နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီ ၉ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ခရေအိမ်ရာ၊ တိုက်အမှတ်-၇၅၊ ၇၆ ၌ မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ရှာဖွေတွေ့ရှိခဲ့သော အရေးကြီးစာရွက်စာတမ်းများနှင့် လက်ဝတ်ရတနာပစ္စည်းများအား ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
#ငလျင်


Comments
Post a Comment