ကသာမြို့နယ်၌ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းသို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ



ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

မေ ၁၊ ၂၀၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းသို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ကသာမြို့နယ်ရှိ ကသာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးသုံးဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်းသို့စစ်ဆေးရာ ကသာမြို့နယ်၊ ကသာမြို့၊ ပိန္နဲကုန်းရပ်ကွက်သို့ KIA နှင့် PDF  ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ငြိမ်းငြိမ်းကြွယ် (၃၉)နှစ်၊ မအေးမြတ်မိုး(၁၃)နှစ်နှင့် မသင်းရတီစိုး(၁၁)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

#konotchannel


Comments