ရေစကြိုမြို့နယ်၌ PDF များ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
မေ ၁၊ ၂၀၂၅
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ PDF များ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်ရှိ ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာနေ ဦးမန်းမော်(၆၂)နှစ်သည် ၎င်း၏နေအိမ်မြောက်ဘက် ကိုက် ၅၀ ခန့်အကွာရှိ သနပ်ခါးခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးမန်းမော် တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
#konotchannel

Comments
Post a Comment